ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ( ၂၄-၅-၂၀၂၄ ) ရက်နေ့တွင် မြောက်ပိုင်းရပ်ကွက်သို့ ကွင်းဆင်းဆေးကုသရာတွင် လူကြီး ကျား ၅ ဦး၊ မ ၇ ဦး၊ စုစု ပေါင်း ၁၂ ဦး အားဆေးကုသမှုပေးခဲ့ပြီး လေးငန်း လေဖြတ် ရောဂါဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ရမည်အချက်များကို လူဦးရေ(၂၁)ဦအားအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။