ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၀-၆-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေးသည် ကုန်းတန်းကလေးကျေးရွာသို့ ကွင်းဆင်း ဆေးကုသခဲ့ရာ ကျား ၁၁ ဦး၊ မ ၂၄ ဦး၊ လူနာစုစုပေါင်း ၃၅ ဦး အား ဆေးကုသမှုပေးခဲ့ပြီး၊ လူဦးရေ ၃၀ ဦး အား “မိုးရာသီတွင်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း” ဟောပြောခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။