ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၁.၄.၂၀၂၄) ရက်နေ့ တွင် မြဝတီရပ်ကွက် မဏိရတနာရာမစာသင်တိုက်၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ရာ သံဃာတော် (၁၇)ပါး၊ ကျား(၄)ဦး၊ မ(၁၀)ဦး လူနာစုစုပေါင်း (၃၁) ဦးအား ဆေးကုသပေးခဲ့ပြီး နွေရာသီတွင်ဖြစ်တတ်သော ရောဂါအကြောင်းကို လူဦးရေ(၁၅)ဦးအား ကျန်းမာရေးပညာပေးပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။