ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ (၁၉-၃-၂၀၂၄) ရက်နေ့တွင် အောင်ဆန်းရပ်ကွက်၊ မြို့ဦးဘုန်းကြီးကျောင်း၌ ကွင်းဆင်းကုသမှု ဆောင်ရွက်ခဲ့ရာ သံဃာတော်(၇)ပါး၊ ကျား(၁၁)ဦး၊ မ(၁၉)ဦး၊ လူနာစုစုပေါင်း(၃၇)ဦးအား ကွင်းဆင်းကုသပေးခဲ့ပြီး တိုင်းရင်းဆေးပညာသိကောင်းစရာအကြောင်းကို လူဦးရေ (၂၀)ဦးအား ကျန်းမာရေးပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။