ဧရာဝတီတိုင်းဒေသကြီး၊တိုင်းရင်းဆေးပညာဦးစီးဌာနမှကြီးမှူးကျင်းပသော စဥ်ဆက်မပြတ် တိုင်းရင်းဆေးပညာ ပေးရေးအစီအစဉ် (CTME)အခမ်းအနားကို (၂၀.၉.၂၀၂၄)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် ပုသိမ်မြို့(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) ဥက္ကဌ ဆရာကြီးဦးသိန်းဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ပုသိမ်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်းမှ ဆောင်ရွက်ပါသည်။
ဆက်လက်ပြီး အရိုးကျီးပေါင်းရောဂါစာတမ်းကို မော်လမြိုင်ကျွန်းမြို့၊ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးဇင်သူက ဖတ်ကြားပြီး တက်ရောက်လာသူများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုကြပါသည်
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းမှ ဆရာ/ဆရာမများ (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံ/ခရိုင် မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ဆရာ/ဆရာမများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို နေ့လည်(၁၂:၀၀)နာရီအချိန်တွင်ရုတ်သိမ်းခဲ့ကြောင်းသိရသည်။