the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနမှ “အစာမကြေရောဂါ” ခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ်(CTME)အခမ်းအနားအား ကြီးမှူးကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော တိုင်းရင်း ဆေးပညာပေးရေးအစီအစဉ်(CTME)အခမ်းအနားကို (၂၃-၅-၂၀၂၄)ရက်နေ့ နံနက်(၁၀)နာရီ အချိန်တွင် (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ပုသိမ်မြို့၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းဆေးဆရာအသင်းဥက္ကဌ ဆရာကြီးဦးစိုးဝင်းက ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ‌ပုသိမ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပပဝင်း မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အစာမကြေရောဂါစာတမ်းကို ဟင်္သာတခရိုင်မှ တင်သွင်းပြီး ဟင်္သာတ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးကျော်စိုးလင်းမှ ဖတ်ကြား၍ ဧရာဝတီတိုင်းဒေသကြီးတိုင်းရင်းဆေးအသင်းဝင်များ ခရိုင်/မြို့နယ်/ဆေးရုံများမှ ဆရာ/ဆရာမ များစုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရပြီး တက်ရောက်လာသော ဆရာ/ ဆရာမများမှ စာတမ်းနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြပြီးနောက် နံနက်(၁၁:၃၀) နာရီ အချိန်တွင် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ