the republic of the union of myanmar

ministry of health

Department of Traditional Medicine

အလုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြော‌ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၆)၊ အ‌‌ခြေခံပညာအထက်တန်း‌ကျောင်း၊ အနန္တပညာခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပပါသည်။

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဌ ဦးရဲကိုကိုက အဖွင့်အမှာစကား ပြောကြားရာတွင် စာပေဖတ်ရှုခြင်းဖြင့်မိမိဘ၀ကိုဆင်ခြင်တုံတရား များဖြင့် လမ်းကြောင်းမှန်ကိုသွားနိုင်မည်ဖြစ် ကြောင်း ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊  မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေသန်းမြင့်ထွေးက ၀မ်းပျက် ၀မ်းလျောရောဂါဖြစ်ပွားလာပါက သတိပြုဆင်ခြင်ရမည့်အကြောင်းများခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြော ဆွေးနွေးကြပြီး အမှတ်(၆)၊အ‌‌ခြေခံပညာအထက်တန်း‌ ကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါက်တာယုမွန်သော်က  ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်  ကျန်းမာရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း