သို့ဖြစ်ပါ၍ အဆိုပါ ချို့ယွင်းသွားသော ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများ၏ ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေး၍ ပြုပြင် ထိန်းသိမ်းခြင်း၊ ချိန်ညှိခြင်း နှင့် ပြင်ဆင်ခြင်းလုပ်ငန်းတို့ကို ပြုလုပ်ရန် လိုအပ်သည့်အတွက် တိုင်းရင်းဆေးဝါးများ၏အရည်အသွေး ထိန်းသိမ်းရန် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းကို ၃၀-၆-၂၀၂၅ ရက်နေ့အထိ ခေတ္တရပ်နားထားမည် ဖြစ်ပါကြောင်း တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များနှင့် အများပြည်သူသိရှိစေရန် အသိပေး ကြေငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။