the republic of the union of myanmar

ministry of health

Department of Traditional Medicine

အများပြည်သူသိရှိစေရန် ကြေညာခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ် ဌာနခွဲ၊ ဆေးဝါးမှတ်ပုံတင်ဌာနစိတ်အနေဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့် ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်များ လက်ခံစိစစ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းရင်း‌ဆေးပညာဦးစီး ဌာန၊ ရုံးအမှတ်(၄၇)မှ တိုင်းရင်း‌ဆေးပညာဦးစီးဌာန (ရုံးချုပ်) အဆောက်အဦသစ်၊ ရုံးအမှတ်(4-C) သို့ ဌာနမှပစ္စည်းများ၊ ပရိဘောဂများ၊ စာရွက်စာတမ်းများ၊ ဖိုင်များအား စနစ်တကျ ပြောင်းရွှေ့ရန် လိုအပ်ပါ၍ မှတ်ပုံတင်လက်ခံစိစစ်ခြင်း နှင့် ထုတ်လုပ်ခွင့်လုပ်ငန်း လိုင်စင်များလက်ခံစိစစ်ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ (၂၇)ရက်နေ့ (တနင်္လာနေ့) မှ အောက်တိုဘာလ (၃၁)ရက်နေ့ (သောကြာနေ့) အထိ ခေတ္တ ဆိုင်းငံ့ရပ်နားထားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်လျှောက်ထားခြင်း နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လုပ်ငန်းလိုင်စင်များ လက်ခံစိစစ်ခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို တိုင်းရင်း‌ဆေးပညာဦးစီးဌာန (ရုံးချုပ်) အဆောက်အဦသစ်၊ ရုံးအမှတ် (4-C) ၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၅) ရက်နေ့မှ စတင်၍ ပြန်လည်ဆောင်ရွက်မည်ဖြစ်ပါကြောင်း တိုင်းရင်းဆေးဝါး လုပ်ငန်းရှင်များ နှင့် အများပြည်သူများသိရှိစေရန် ကြေညာအပ်ပါသည်။

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း