၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ ကျန်းမာရေးဖြည့်စွက်စာ(၁)မျိုးနှင့် တိုင်းရင်းဆေးဝါး(၉)မျိုးတွင် Microbial contamination တွေ့ရှိရကြောင်း၊ unapproved ingredients များ တွေ့ရှိရကြောင်း၊ Cadmium မှာ Allowable limit ထက် ကျော်လွန်နေခြင်းကို တွေ့ရှိရကြောင်းနှင့် Berberine ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ Follow up အနေဖြင့် Recall and investigation reports ဆောင်ရွက်ထားကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။