၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည် အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါး(၁)မျိုးနှင့် ကျန်းမာ ရေးဖြည့်စွက်စာ(၂)မျိုးတွင် Cadmium (above the specification limit) တွေ့ရှိရကြောင်းနှင့် Melatonin, Sibutramine & Furosemide တို့တွေ့ရှိရကြောင်း ဆေးနမူနာဓာတ်ပုံတို့နှင့်အတူ ပူးတွဲပေးပို့လာပါသဖြင့် အများပြည်သူသုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။