အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီ အစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးနှင့် ကျန်းမာရေး ဖြည့်စွက်စာ (၂၀) မျိုးတွင် အနောက်တိုင်းဆေးများရောနှောပါဝင်နေခြင်း၊ Microbial Count (above the allowable limit) များတွေ့ရှိရခြင်းနှင့် အရည်အသွေးချို့ယွင်းချက်များ တွေ့ရှိရ ကြောင်း ဆေးနမူနာဓာတ်ပုံတို့နှင့်အတူ ပူးတွဲပေးပို့လာပါသဖြင့် အများပြည်သူသုံးစွဲရန် မသင့်လျော် ကြောင်း အသိပေးအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။