၁။ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်း ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျစစ်ဆေးလျက်ရှိပါသည်။
၂။ အာဆီယံဒေသတွင်းနိုင်ငံများ၏ Post – Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော အောက်ဖော်ပြပါ ကျန်းမာရေးဖြည့်စွက်စာ(၂)မျိုးတွင် Lead ပါဝင်မှုမှာ ခွင့်ပြုပမာဏထက် ကျော်လွန်နေခြင်းနှင့် တံဆိပ်တွင် Lactobacillus rhamnosus GG ကို ဖော်ပြထားသော်လည်း ဆေးတွင် မပါဝင်ခြင်းကို တွေ့ရှိရကြောင်း ပေးပို့လာပါသဖြင့် အများပြည်သူ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။