သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်ပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃-၅-၂၀၂၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ရာတွင် တိုင်းရင်းဆေးပညာရပ်ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် အရှေ့ပိုင်းခရိုင်မှ ခရိုင် တိုင်းရင်းဆေးမှူးဒေါ်နွယ်နွယ်အေး၊ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်နန်းယဉ်မိုးလတ်နှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်အိသွယ်တို့မှ လူနာ ကျား(၅)ဦး၊ မ (၁၀)ဦး၊ စုစုပေါင်း(၁၅)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။