ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၀-၂၀၂၆) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဇင်မာဝင်းမောင်သည် မိုးကောင်းမြို့ ဒက္ခိဏရာမ ကျောင်းတိုက်သို့ သွားရောက်၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ သံဃာတော်၊ ယောဂီ ကျား (၅)ဦး၊ မ (၃၆)ဦး၊ စုစုပေါင်း (၄၁)ဦးအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပြီး “သတိပြုဖွယ်အပူဒဏ်အန္တရာယ် အကြောင်းကို လူဦးရေ (၂၀)ဦးအား ဟောပြောခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။



