၁။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် လက်ထောက်တိုင်းရင်းဆေးမှူး(လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀၀-၂၂၆၀၀ဝိ) ရာထူး(၈၄)နေရာအတွက် အောက်ပါအရည်အချင်းသတ်မှတ်ချက်နှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား ဖြစ်ရမည်။
(ခ) မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M) ရရှိပြီးသူများ လျှောက်ထားနိုင်သည်။
(ဂ) (၃၁-၇-၂၀၂၄)ရက်နေ့တွင် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ) ဒေသမရွေး သွားရောက်တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
၂။ လျှောက်ထားသူသည် လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများကို ပူးတွဲ တင်ပြရမည်-