ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့နယ်တိုင်းရင်းဆေးကုဌာနနှင့် (၂၅) ခုတင်ဆံ့ ကျိုင်းတုံ တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ ၁၆-၈-၂၀၂၅ ရက်နေ့ နံနက် (၉း၃၀) အချိန်တွင် ကျိုင်းတုံဘိုးဘွားရိပ်သာ ၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ရာကျား(၁၀ )ဦး ၊မ(၁၄) ဦး စုစုပေါင်း (၂၄)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။