ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာန ၊မြို့နယ်တိုင်းရင်းဆေးကှဌာနနှင့် (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံတို့ ပူးပေါင်း၍ ၁၂-၇-၂၀၂၅ ရက်နေ့တွင် ကျိုင်းတုံဘိုးဘွားရိပ်သာ ၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်း နှင့် ကွင်းဆင်းဆေး ကုသခြင်းဆောင်ရွက်ပေးခဲ့ရာကျား(၉ )ဦး ၊ မ (၁၄) ဦး စုစုပေါင်း (၂၃)ဦးအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။