ရှမ်းပြည်နယ် လွိုင်လင်မြို့ တိုင်းရင်းဆေးကုဌာနမှ ၁၀-၇-၂၀၂၄ ရက် နေ့လည်(၁)နာရီအချိန်မှစ၍ လွိုင်လင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်(၃) ခန်းမတွင် ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးတို့အား ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့်မှ တိုင်းရင်းဆေးပညာသမိုင်းအကြောင်းနှင့် တိုင်းရင်း ဆေးဝါးများဝယ်ယူသုံးစွဲရာတွင် သတိထားရမည့်အချက်များ ဟောပြောပေးခဲ့ပြီး တိုင်းရင်းဆေးပညာဆိုင်ရာ လက်ကမ်းစာရွက်များလည်းကျောင်းသား/ကျောင်းသူများအား ပေးဝေခဲ့ပါကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။