ရှမ်းပြည်နယ် မိုးနဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၁၅-၈ -၂၀၂၅ ရက် နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် မိုးနဲ မြို့ အ.ထ.က ကျောင်း ၌ ကျောင်းကျန်းမာရေးဆောင်ရွက်ရာ ကျောင်းသား ၆၈ ဦး ကျောင်းသူ ၁၀၂ဦး စုစုပေါင်း ၁၇၀ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။