ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးဌာနမှူးနှင့် ခရိုင်ဦးစီးဌာနမှူးတို့၏ ညွှန်ကြားချက်ဖြင့် ပင်းတယမြို့နယ် တိုင်းရင်ဆေးကုဌာနမှ (၁.၈.၂၀၂၅) ရက်နေ့တွင် မြို့နယ်ဦးစီးမှူး၊ ဦးသိန်းဝင်းသည် ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ရေဘေးသင့်ပြည်သူ ကျား-ကြီး (၄၈) ဦး၊ မ-ကြီး (၇၀) ဦး ၊ ကျား-ကလေး (၁၅)ဦး၊ မ-ကလေး (၃၅) ဦး ၊ စုစုပေါင်း (၁၆၈) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။