ရှမ်းပြည်နယ် တောင်ပိုင်း (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ ကျေးသီးမြို့မှ (၂၁-၅-၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးအောင်ဆန်းနှင့်အဖွဲ့သည် ဟော်ကုန်းရပ်ကွက် ကျေးသီးမြို့ ဟော်ကုန်း ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး လူနာ ကျား ၅ ဦး မ ၃၀ ဦး စုစုပေါင်း ၃၅ ဦးအား တိုင်းရင်းဆေးပညာဖြင့် ဆေးကုသမှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။