the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင် ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ၂၅-ခုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် ခရိုင်ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ (၉-၇-၂၀၂၄) ရက်နေ့မှ (၁၁-၇-၂၀၂၄) ရက်နေ့အထိ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ၉-၇-၂၀၂၄ ရက် နေ့လည်(၁)နာရီအချိန် မှစ၍ လွိုင်လင်မြို့ ၊ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၁) ခန်းမတွင် ကျောင်းသား/ ကျေင်းသူ (၁၂၀)ဦးတို့အား တိုင်းရင်းဆေးရုံအုပ် ဒေါ်ဥမ္မာအေးမှ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်ပါတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်  လိုက်နာရန်အချက်များ ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း