ရှမ်းပြည်နယ် ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံအေးသာယာ(တောင်ကြီး)မှ ၁၇-၉-၂၀၂၄ ရက်နေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ(၇)ဦးတို့သည် ညောင်ရွှေမြို့နယ် လွယ်ငြိမ့် ကျေးရွာရေဘေးသင့် ပြည်သူများထံသွားရောက်ပြီး ကျား(၂၁)ဦး မ(၈၀)ဦး ကျားကလေး(၅)ဦး မလေး(၉)ဦး စုစုပေါင်း(၁၁၅)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး လွယ်ငြိမ့်ကျေးရွာရှိ ရေဘေး သင့် အိမ်ထောင်စု(၁၈၀)ရှိပြည်သူများအား အလှူငွေ ၅၂၀၀၀၀ ကျပ်(ငါးသိန်းနှစ်သောင်း ကျပ်)အဝတ်အထည် နှင့်ဆေးဝါးများအား လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။