the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ အေးသာယာ(တောင်ကြီး) ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်၊ အေးသာယာ(တောင်ကြီး) ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ (၁၄-၁၂-၂၀၂၄) ရက်နေ့ တွင် ဆေးရုံအုပ်နှင့် ဆရာမ(၈)ဦးတို့သည် တောင်ကြီးမြို့နယ် ညောင်ဖြူစခန်းရပ်ကွက်သို့ သွားရောက်ပြီး ကျား လူကြီး (၃၇) ဦး၊ မ လူကြီး (၈၂) ဦး၊  မ ကလေး (၁) ဦး၊ စုစုပေါင်း (၁၂၀) ဦး တို့ အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် တိုင်းရင်းဆေးပညာများအကြောင်း ဟောပြောခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်