the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြန်မာ့တိုင်းရင်း‌ဆေး သမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၇-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေါ်သီတာအောင်နှင့်အဖွဲ့သည် ဝမ်ဘိုးကျေးရွာသို့သွားရောက်၍ လူနာဦးရေ (၂၃)ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း