ရှမ်းပြည်နယ်၊ အရှေ့ပိုင်းကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၁-၆-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၌ ခရိုင်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှူးရုံးမှ ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်သီတာအောင်နှင့် ကျိုင်းတုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်အေးမြမြဖြူ တို့သည် “မိုးရာသီတွင်ဖြစ်တတ်သောရောဂါများနှင့် မီးယပ်ဖြူရောဂါ အကြောင်း” သိကောင်းစရာများအား တက်ရောက်သူဦးရေ ၅၀ ဦး အား အသိပညာပေး ဟောပြောခဲ့ပြီး၊ လူနာဦးရေ ၄၀ ဦး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေး ကုသမှုပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။