the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ တောင်ပိုင်းလွိုင်လင်ခရိုင်၊ ခုတင် (၂၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံမှ သူနာပြုအကူ သင်တန်း(၉)လရှိ သင်တန်းသူများအား တိုင်းရင်းဆေးပညာဆိုင်ရာဘာသာရပ်များ သင်ကြား ပို့ချခြင်း

ရှမ်းပြည်နယ်၊ တောင်ပိုင်း လွိုင်လင်ခရိုင် ခုတင် (၂၀၀)ဆံ့ ခရိုင်ပြည်သူ့ ဆေးရုံမှ (၈/၂၀၂၄) လ မှ (၄/၂၀၂၅) လအထိဖွင့်လှစ်သော သူနာပြုအကူ သင်တန်း(၉)လရှိ သင်တန်းသူများအား တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ဘာသာရပ်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်၊ (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ဥမ္မာအေးနှင့် ပင်လုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စကားဝါတို့သည် (၁၁-၁၂-၂၀၂၄) မှ (၁၃-၁၂-၂၀၂၄) ရက်အထိ (၃) ရက် သင်တန်းပို့ချပေးခဲ့ပါသည်။

  အဆိုပါသင်တန်းတွင် လက်ထောက်ညွှန်ကြားရေးမှူး မှ (၁၁-၁၂-၂၀၂၄) ရက်နေ့တွင် နံနက် (၁၀) နာရီမှ ညနေ (၃) နာရီခွဲ အထိ တိုင်းရင်းဆေးပညာသမိုင်းအကြောင်း နှင့် အ​​ခြခံသဘောတရား များအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သောရောဂါများနှင့် ကုထုံးများအကြောင်းကိုလည်းကောင်း၊  (၁၂-၁၂-၂၀၂၄) ရက်နေ့တွင် ဆေးရုံအုပ်မှ တိုင်းရင်းဆေးပညာဆိုင် ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် ရောဂါကုထုံးများအကြောင်းကိုလည်းကောင်း၊ (၁၃-၁၂-၂၀၂၄) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူးမှ ပတ်ဝန်းကျင်ရှိ သဘာဝဆေးဖက်ဝင်အပင်များ နှင့် ဌာနသုံးဆေးဝါးများ အကြောင်းတို့ကို အသီးသီး သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်