ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမျိုးသူလွင် ဦးဆောင်သောအဖွဲ့သည် (၂၀-၈-၂၀၂၄) ရက်နေ့တွင် အ.မ.က ဥယျာဉ်ကျောင်း၌ ကျောင်းကျန်းမာရေးဆောင်ရွက်ခဲ့ရာ ကျောင်းသား (၂၃) ဦး၊ ကျောင်သူ (၃၀) ဦး၊ စုစုပေါင်း (၅၃)ဦးတို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။