the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ တောင်ပိုင်းညောင်ရွှေမြို့နယ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ရှမ်းပြည်နယ် တောင်ပိုင်းညောင်ရွှေမြို့နယ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ပြည်နယ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် (၂၂-၆-၂၀၂၄)ရက်နေ့တွင် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ်၊ ဒေါ်စန္ဒာအောင်သည် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် လွယ်ညိမ့်ကျေးရွာသို့သွားရောက်၍  “ကံ၊စိတ်၊ဥတု၊အာဟာရမျှတစွာနေထိုင် စားသောက်ရန်၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ လွန်ယုတ်လွှဲမှားလျှင် ဖြစ်တက်သောရောဂါများအကြောင်း”နှင့် တောင်ကြီးခရိုင်တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး၊ ဒေါ်ခင်သီတာဦးသည် “ရာသီဥတု အကူးအပြောင်းတွင်ဖြစ်ပွားတတ်သောရောဂါများအကြောင်း” ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ရာ ၆၀ ဦး တက်ရောက်ခဲ့ပြီး၊ အေးသာယာဆေးရုံမှ ဒုတိယ ဆေးရုံအုပ်၊ ဒေါ်စန္ဒာအောင် ဦးဆောင်သော ဆရာမများ၊ တောင်ကြီးခရိုင် တိုင်းရင်းဆေး ကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ခင်သီတာဦး၊ တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လ/ထ-တိုင်းရင်းဆေးမှူး ဒေါ်နန်းရောင်ဆတို့သည် ကျားလူကြီး ၂၈ဦး၊  မလူကြီး ၄၄ဦး၊ ကျားကလေး ၁ ဦး၊မကလေး ၇ ဦး၊ လူနာစုစုပေါင်း ၈၀ ဦး အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ