the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့်  (၂၅-၁-၂၀၂၅) ရက်နေ့တွင် ဒုတိယ ပြည်နယ်မှူး၊ တောင်ကြီး ခရိုင်တိုင်းရင်းဆေးမှူး၊ တောင်ကြီး မြို့နယ်တိုင်းရင်းဆေးမှူး တို့ပါဝင်သော ဆရာမ (၅) ဦးတို့သည် ရှမ်းရိုးမ ဘိုးဘွားရိပ်သာ (ရှမ်းပြည်နယ်၊ တောင်ကြီးမြို့) သို့သွားရောက်၍  တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှု ပေးခဲ့ရာ ဘိုးဘွားများ ကျား (၆) ဦး၊ မ (၁၃) ဦး၊ ရိပ်သာရှိ ဝန်ထမ်း နှင့် ဝန်ထမ်းမိသားစု ကျား (၂) ဦး၊ မ (၆) ဦး၊  လူနာဦးရေစုစုပေါင်း (၂၇) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း