တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးဌာနမှူး၊ ခရိုင်ဦးစီးမှူးတို့၏ လမ်း ညွှန်မှု့ဖြင့် တောင်ကြီးခရိုင်၊ ပင်းတယ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြိုးဖြိုးဝေသည် (၁၀-၂-၂၀၂၆) ရက်နေ့တွင် ပင်းတယမြို့၊ ဆင်ခေါင်းရပ်ကွက်၊ လူမှုဝန် ထမ်းဦးစီးဌာန ပင်းတယ မူလတန်းကြို ကျောင်းသို့သွားရောက်၍ ကျောင်းသားမိဘနှင့် ဆရာ၊ ဆရာမများ ကျား (၁၃)ဦး၊ မ (၁၂)ဦး၊ ကျား ကလေး (၁၄)ဦး၊ မ ကလေး (၂၅)ဦး၊ စုစုပေါင်း (၆၄)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
