the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြန်မာ့တိုင်းရင်း‌ဆေး သမားတော်နေ့ (တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၆-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့တိုင်းရင်ဆေးသမား တော်နေ့(တပေါင်းလပြည့်နေ့)ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဦးသိန်းဝင်း၊ ဆေးခန်းအကူ ဒေါ်သင်းသင်းအေးနှင့် ဒေါ်အေးအေးထွေးတို့သည် ပင်းတယမြို့၊ ကြေးတွင်း ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ရာ ကျား လူကြီး (၁၅)ဦး၊ မ လူကြီး (၂၀)ဦး၊ ကျား ကလေး (၇)ဦး၊မ ကလေး (၈)ဦး၊ စုစုပေါင်း (၅၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ