ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ပြည်နယ်ဦးစီးဌာနမှူး ဒေါ်ကြည်ကြည်မြင့် ဦးဆောင် သော ဆရာ၊ ဆရာမ ၁၁ ဦး တို့သည် ၃-၁၀-၂၀၂၄ ရက်နေ့တွင် ကွင်းဆင်း၍ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်မွန်ရွာ၊ ဆမ်ဆိုင်ဘုန်းတော်ကြီးကျောင်းတွင် ကျား၂၂ ဦး၊ မ ၆၄ ဦး၊ စုစုပေါင်း ၈၆ ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဆက်လက်၍ ၄-၁၀-၂၀၂၄ ရက်နေ့တွင် ဒုတိယပြည်နယ်မှူး၊ ဆေးရုံအုပ်နှင့် ဆရာမ ၇ ဦးတို့ ပါဝင်သော အဖွဲ့သည် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မွန့်ကျေးရွာသို့ သွားရောက်ကာ ကျား ၁၆ ဦး၊ မ ၅၉ ဦး၊ စုစုပေါင်း ၇၅ ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရှိရသည်။