ရှမ်းပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ၅.၁၀.၂၀၂၄နေ့တွင် ဒုတိယပြည်နယ်မှူး ဒေါ်ခင်ခင်ဦးနှင့် ဒုတိယဆေးရုံအုပ် ဒေါ်စန္ဒာအောင် တို့ဦးဆောင်သည့် ၁၁ ဦး ပါဝင်သော အဖွဲ့သည် ညောင်ရွှေမြို့၊ မဟာအောင်မြေ ရွှေရေကျပရိယတ္တိစာသင်တိုက် ခန်းမ၌ ရေဘေးသင့်ပြည်သူ ကျား ၃၇ ဦး၊ မ ၈၁ ဦး စုစုပေါင်း ၁၁၈ ဦးတို့အား တိုင်းရင်းဆေး ဖြင့်ကျန်းမာရေးစောင့်ရှောက်ခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။