ရှမ်းပြည်နယ်၊ ခုတင် (၅၀) ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ (၃၀-၁-၂၀၂၅) ရက်နေ့တွင် ဆေးရုံအုပ်နှင့် ဆရာ/ဆရာမ(၈) ဦးတို့သည် ရွှေညောင်မြို့နယ် အောင်သပြေရပ်ကွက် အောင်သပြေအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူ (၁၂၈) ဦးတို့အား “ဆောင်းရာသီတွင်ဖြစ်တတ်သောရောဂါများအကြောင်း” ဟောပြောခဲ့ပြီး ကျား လူကြီး (၅၆) ဦး၊ မ လူကြီး (၂၈) ဦး၊ ကျား ကလေး (၁) ဦး၊ စုစုပေါင်း (၈၅) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။