the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်၊ ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်နယ်၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ အေးသာယာ(တောင်ကြီး)မှ (၁၉-၂-၂၀၂၅) ရက်နေ့ တွင် ဆရာ/ဆရာမ (၇)ဦးတို့သည် ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာအုပ်စု ကျေးစားကုန်း တောင်ရွာသို့သွားရောက်၍ ကျေးရွာသူ/ကျေးရွာသား (၅၃) ဦးတို့အား တိုင်းရင်းဆေးဖက်ဝင် ချင်း ကွမ်းရွက် နနွင်းပင်များ၏ ဆေးဖက်အသုံးဝင်ပုံများအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျားလူကြီး (၂၇)ဦး၊ မလူကြီး (၉၆)ဦး၊ မ ကလေး (၂)ဦး၊ စုစုပေါင်း (၁၂၅)ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း