the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်နယ်အရှေ့ပိုင်း ၊ ကျိုင်းတုံခရိုင် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသခြင်းနှင့် ပညာပေးဟောပြောခြင်း

၁၉-၇-၂၀၂၂

ကျန်းမာ​ရေးဝန်ကြီးဌာန၏ လမ်းညွန်မှု တိုင်းရင်း​ဆေးပညာဦးစီးဌာန၏ ကြီးကြပ်စီစဥ်​ပေးမှုတို့ဖြင့် (၂၅)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ ကျိုင်းတုံမြို့မှ ဆရာ၊ဆရာမများသည် ၁၄.၇.၂၀၂၂ ရက်​နေ့တွင် ရပ်ကွက်(၂) ကျိုင်းကာရွာဘုန်း​တော်ကြီး​ကျောင်း၌ တိုင်းရင်း​ဆေးပညာဖြင့် ကွင်းဆင်း​ဆေးကုသခြင်း ​ဆောင်ရွက်ရာတွင် လူနာဦး​​​ရေ စုစုပေါင်း (၅၀)ဦးကို အခမဲ့ ကွင်းဆင်း​ဆေးကုသခြင်းနှင့် မိုးရာသီတွင်ဖြစ်တတ်​သော ​သွေးလွန်တုပ်​ကွေး​ရောဂါအ​ကြောင်းကို (၂၅)ခုတင်ဆံ့ ကျိုင်းတုံတိုင်းရင်း​ဆေးရုံ ​ဆေးရုံအုပ်မှ အသိပညာ​ပေး​ဟော​ပြောခဲံပြီး ဒုတိယ​ဆေးရုံအုပ်မှ ပါးရွဲ့ရောဂါအ​ကြောင်း တို့ကိုအသိပညာ​ပေး​ဟော​ပြောခြင်းများ ​ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်