ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့မြို့နယ်တိုင်းရင်းဆေးကုဌာန၊ (၂၅) ခုတင်ဆံ့ တိုင်းရင်း ဆေးရုံတို့ ပူးပေါင်း၍ (၁၅-၃-၂၀၂၅) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် ကျိုင်းတုံ ဘိုးဘွားရိပ်သာ၌ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းများဆောင်ရွက်ပေးခဲ့ရာ ကျား (၁၁)ဦး၊ မ (၁၄)ဦး၊ စုစုပေါင်း (၂၅)ဦး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။