ရှမ်းပြည်နယ်(တောင်ပိုင်း) တိုင်းရင်းဆေးပညာဦးစီးဌာန၊ လွိုင်လင်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် (၂၅) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဝန်ထမ်းများပူးပေါင်း၍ (၁၃-၃-၂၀၂၅) ရက်နေ့ (တပေါင်းလပြည့်) နေ့လယ် (၁:၃၀) နာရီအချိန် ရှေးဟောင်းသမိုင်းဝင် မွေတော် ဆုတောင်းပြည့် ဘုရား အတွင်းကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ သံဃာတော် အပါး (၄၀၀) တို့အားဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။