ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် အောင်ပန်းမြို့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၂) ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုဂုဏ်ပြုသောအားဖြင့် ၂၉-၁၁-၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိ၀န်းလှိုင်သည် အောင်ပန်းမြို့ ဖိုးရွှေလမင်း အောင်တမန်သီလရှင်ကျောင်းတိုက်၌ သီလရှင်ဆရာလေး ၅၅ ပါးအား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုမှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။