ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့ (၁၆) ခုတင်ဆံ့တိုင်းရင်း ဆေးရုံမှ (၁၁.၆.၂၀၂၄) ရက်နေ့တွင် ဒုတိယဆေးရုံအုပ် ဦးအောင်ဆန်းနှင့်အဖွဲ့သည် ကန်ပန်ရပ်ကွက်၊ ကျေးသီးမြို့ အုပ်ချုပ်ရေးမှူး ရုံးတွင် ကွင်းဆင်းဆေးကုသခဲ့ရာ ကျား ၆ ဦး ၊ မ ၂၃ ဦး၊ လူနာစုစုပေါင်း ၂၉ ဦး အား တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။