တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ ရှမ်းပြည်နယ် ပြည်နယ်ဦးစီးဌာနမှူးနှင့် ခရိုင်ဦးစီးဌာနမှူးတို့၏ လမ်းညွှန်မှု့ဖြင့် ရှမ်းပြည်နယ်တောင်ကြီးခရိုင် တောင်ကြီးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ၂၅-၅-၂၀၂၅ ရက်နေ့ တွင် မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်ခင်ဆွေ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်တင်တင်စန်း လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်နန်းရောင် ဒေါ်စန္ဒာမြင့်နှင့် ဆေးခန်းအကူ ဒေါ်တင်မေရီတို့သည် ရှမ်းရိုးမ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ကွင်းဆင်းဆေးကုဆောင်ရွက်ခဲ့ရာ ဘိုးဘွား ကျား(၆)ဦး မ(၁၅)ဦး စုစုပေါင်း (၂၁)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မူ့များ ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။