the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ‌ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ‌ ၃-၄-၂၀၂၄ ရက်နေ့ နှင့် ၆-၄-၂၀၂၄ ရက်နေ့တို့တွင် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့၊မြို့နယ် တိုင်းရင်းဆေးကုဌာနမှ‌ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အိအိ၀န်းလှိုင်သည် ကလောမြို့ သိမ်တောင်ဘုန်းကြီးကျောင်းတွင်ကျင်းပသော အစိုးရပါဠိ ပထမပြန် စာမေးပွဲ၌ သံဃာတော်(၁၀)ပါး နှင့် ကျား (၁၂)ဦး၊ မ (၁၅)ဦး စုစုပေါင်း (၃၇)ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း