the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရွှေဘိုခရိုင်တိုင်းရင်းဆေးကုဌာနနှင့်(၂၅)ခုတင်ဆံ့တိုင်းရင်းဆေးရုံရွှေဘိုမြို့တို့ ပူပေါင်း၍ ကွင်းဆင်းဆေးကုသခြင်း

၂၃-၁၀-၂၀၁၉ ရက်နေ့တွင် ရွှေဘိုခရိုင်တိုင်းရင်း​ဆေးကုဌာနနှင့်(၂၅)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ​ ရွှေဘိုမြို့တို့ ပူ​ပေါင်း၍ ရွှေဘိုမြို့ ​ကျောက်ကာကျောင်းတိုက် မိုးကုတ် ဝိပသနာ တရားစခန်းတွင် တိုင်းရင်း​ဆေးပညာဖြင့် တရာစခန်းဝင်​ယောဂီများ/သံဃာ​တော်များ/ သီလရှင်ဆရာကြီးများ စုစုပေါင်းဦးရေ(၁၄၈)ဦးအား တိုင်းရင်းဆေးဖြင့်ကျန်းမာ​ရေး​​စောင့်​ရှောက်မှု​ပေးခဲ့ပါသည်။ အဖြစ်အများဆုံး ရောဂါများအနေဖြင့် ကိုက်ခဲအ​ကြောတက်ခြင်း၊ အဆစ်နာခြင်း၊ အဖျားရောဂါ၊ အ​အေးမိနှာ​စေး​ရောဂါ၊ သွေးတိုး​ရောဂါ၊ အစာမ​​ကြေ ရောဂါများ ဖြစ်ကြောင်း တွေ့ရှိရပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း