နေပြည်တော်တိုင်းဦးစီးဌာနမှူးရုံး၊ ဒက္ခိဏခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁၇.၉.၂၀၂၄ ရက်နေ့တွင် ဒေါ်အေးအေး ဦးဆောင်သော အုန်းတောပရိယတ္တိ စာသင်တိုက်၌ လူကြီး(ကျား) ၁၁ ဦး၊ လူကြီး (မ)၃၆ ဦး၊ ကလေး(ကျား) ၂ ဦး၊ ကလေး(မ) ၁ ဦး၊ စုစုပေါင်း ၅၀ ဦး ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
လယ်ဝေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဦးနေဝင်းအာင်နှင့် ဆေးဆရာအသင်းမှ ဦးမောင်မောင်ဦး၊ ဦးစောအောင် ဦးဆောင်သော သရက်ခုံကျေးရွာ လူကြီး(ကျား) ၁၀ ဦး၊ လူကြီး (မ) ၃၇ ဦး၊ ကလေး(ကျား) ၄ ဦး၊ ကလေး(မ) ၄ ဦး၊ စုစုပေါင်း ၅၅ ဦး အား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
တပ်ကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒေါ်ဖြူဖြူလွင် ဦးဆောင်သော တပ်ကုန်းမြို့အ.ထ.က(၁)ကျောင်း လူကြီး(ကျား) ၉ ဦး၊ လူကြီး(မ) ၁၆ ၊ ကလေး(ကျား) ၃ဦး ကလေး(မ) ၂ ဦး၊ စုစုပေါင်း ၃၀ ဦးအား ကွင်းဆင်း ဆေးကုသခြင်းများဆောင်ရွက်ခဲ့ ကြောင်း သိရသည်။