the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုမြန်ဆန်သွက်လက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်သော ရုံးတွင်း ကွန်ပျူတာဘာသာရပ်ဆိုင်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ယနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော စတုတ္ထအကြိမ် (Microsoft Word Advanced, Microsoft Excel Advanced, Internet & Email Course) ကွန်ပျူတာဘာသာရပ်ဆိုင်ရာသင်တန်းဆင်းပွဲ အခမ်အနားသို့  တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊  တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြဆရာမများနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ကြပါသည်။

ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက သင်တန်းဆင်း အမှာစကားပြောရာတွင် ရုံးတွင်း ကွန်ပျူတာဘာသာရပ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမို မြန်ဆန်သွက်လက်စေရန်လည်းကောင်း၊ e-Government အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေရန်လည်းကောင်းရည်ရွယ်၍ ရုံးတွင်း ကွန်ပျူတာဘာသာရပ်ဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ဝန်ထမ်းများအနေဖြင့်လည်း ယခုသင်တန်းမှ ရရှိသည့် အကျိုးရလာဒ်များကို မေ့မေ့လျော့လျော့ မနေဘဲ လက်တွေ့အသုံးချ၍ လုပ်ငန်းခွင် တွင် ယခင်ထက် ပိုမိုကြိုးစား အားထုတ်လုပ်ကိုင်စေချင်ကြောင်း မှာကြားခဲ့ပါသည်။

ယင်းနောက် သင်တန်းနည်းပြဆရာမနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် အထောက်အကူပြု ဆောင်ရွက်ပေးသော ဆရာမများအား ဂုဏ်ပြုလက်မှတ်များပေးအပ်ခြင်းနှင့် Microsoft Word Advanced သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ဖွံ့ဖြိုးရေးဌာနစိတ်၊ IT လုပ်ငန်းဌာနမှ ဒေါ်စမ်းမြမြအောင်နှင့် Microsoft Excel Advanced သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ဆေးဝါးဌာနစိတ်မှ ဦးခိုင်ဇော်ထွန်းတို့အား ညွှန်ကြားရေးမှူးချုပ်မှ ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသူ/ သင်တန်းသားများအား တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးမှ သင်တန်းတက်ရောက်ရခြင်းအတွက် ကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ကွန်ပျူတာဘာသာရပ်ဆိုင်ရာ သင်တန်းများကို တိုင်းရင်းဆေးပညာဦးစီးဌာနရှိ စာကြည့်တိုက် ခန်းမ၌ (၁၄-၂-၂၀၂၄)ရက်နေ့မှ (၂၀-၆-၂၀၂၄)ရက်နေ့များအတွင်း ဖွင့်လှစ်ပို့ချခဲ့ပြီး ကွန်ပျူတာ ဘာသာရပ်များအား တိုင်းရင်းဆေးပညာဦးစီးဌာန၊ သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်၊  IT လုပ်ငန်းဌာနမှ ပို့ချပေး ခဲ့ကြောင်း သတင်းရရှိသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ