(၂၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီး နှောဖလှယ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃-၁၁-၂၀၂၆) ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး (ကထ) ဦးစိုင်းနောင်နောင်နှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်လဲ့နှင်းဝေတို့သည် မြို့မရပ် အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ ကွင်းဆင်းဆေးကုသခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး အား “ရာသီတုပ်ကွေးရောဂါအကြောင်း” အသိပညာပေး ဟောပြောခဲ့ပြီး ကျား (၂၀)ဦး၊ မ (၂၀)ဦး၊ စုစုပေါင်း (၄၀)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသည်။