ရမည်းသင်းမြို့နယ်ရှိ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်နှင်းကြွေဦးဆောင်၍ ဒုတိယတိုင်းရင်းဆေးမှူး ဦးကျော်သူရ၊ လက်ထောက် တိုင်းရင်းဆေးမှူး ဦးငြိမ်းမင်းဟန် ဌာနခွဲစာရေးဒေါ်စန်းစန်းရင်တို့ ပါဝင်သော အဖွဲ့သည် ၂၃-၆-၂၀၂၅ ရက်နေ့တွင် ရမည်းသင်းမြို့နယ်ရှိ ငလျင်သင့်ကျေးရွာဖြစ်သော အနောက်အုတ်ဖိုရွာသို့ သွားရောက်၍ နံနက် ၉း၀၀ နာရီမှ ညနေ ၃း၀၀ နာရီအထိ ဆောင်ရွက်ခဲ့ပြီး ကျားလူကြီး ၄၂ ဦး၊ မလူကြီး ၆၃ ဦး၊ စုစုပေါင်း ၁၀၅ ဦးတို့အား ဆေးကုသမှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။