ရန်ကုန်၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံတွင် (၂-၁-၂၀၂၅) ရက်နေ့ နံနက် (၉:၀၀)နာရီ၌ တိုင်းရင်းဆေးတက္ကသိုလ်၊ ၂၀၂၅ ခုနှစ် အလုပ်သင်ဆရာ၊ဆရာမများအား ကြိုဆို မိတ်ဆက်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဆေးရုံအုပ်ကြီးနှင့် ဌာနတာဝန်ခံ ဆရာ၊ဆရာမများမှ ကြိုဆိုမိတ်ဆက်ကြပြီး ၂၀၂၅ ခုနှစ် အလုပ်သင်ဆရာ၊ ဆရာမများမှ အသီးသီး မိတ်ဆက်စကားပြောကြားခဲ့ပါသည်။
ရန်ကုန်၊ ခုတင် (၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံတွင် ၂၀၂၅ ခုနှစ် အလုပ်သင် ဆရာ၊ ဆရာမ (၁၇)ဦးသည် (၁-၁-၂၀၂၅)ရက်နေ့မှ (၃၁-၁၂-၂၀၂၅) ရက်နေ့အထိ (၁)နှစ်တာ အလုပ်သင်တာဝန်ထမ်းဆောင်ကြမည် ဖြစ်ကြောင်း သိရသည်။